သာပေါင်းမြို့၌ သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး ဘဝနတ်နန်းစံမြန်းတော်မူသော(၇)နှစ်ပြည့်အထိမ်းအမှတ် ဒုတိယည ဓမ္မသဘင်ပူဇော်ပွဲစီရင်ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မ ဝိဇယ ဓမ္မာရုံ၌ သာသနာနှစ်-၂၅၆၈၊‌ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်‌တော်လပြည့်ကျော်(၁)ရက်နေ့၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်က သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီးဘဝနတ်နန်းစံမြန်း‌တော်မူသော (၇)နှစ်ပြည့်အထိမ်းအမှတ် (၃)ရက် (၃)ညတာ ဓမ္မသဘင်ပူဇော်ပွဲ ဒုတိယညတရားပွဲစီရင် စတင်ကျင်းပကြသည်။
သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး၏ ဘဝနတ်နန်းစံမြန်းတော်မူရာ(၇)နှစ်ပြည့် အထိမ်းအမှတ် (၃)ရက် (၃)ညတာ ဒုတိယည ဓမ္မသဘင်ပူဇော်ပွဲ ညတရားပွဲကို ဘဒ္ဒန္တ အာစိက္ခဏ(ရသေ့တောင်)မှ "သံသရာ ခရီးသည်"တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများဖြင့် ဗုဒ္ဓသာသာဝင် တရားချစ်ခင်စိတ်ကောင်းဝင်လျက်ရှိကြကုန်သော တရားတော်နာ သူတော်ကောင်းအပေါင်းတို့အား တရားရေအေးအမြိုက်ဆေးတိုက်ကျွေး ဟောဖော်ညွှန်ပြ ဆိုဆုံးမပြုပြီး ကုသိုလ်အဖို့ဘာကကို ရေစက်သွန်ချ အမျှပေးဝေ သာဓု(၃)ကြိမ်ခေါ်ဆိုကြပြီး တရားတော်နာ ကြွရောက်လာကြသော ဒါယိကာ၊ ဒါယိကာမအပေါင်းတို့အား အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၏ ဦးစီးပဓါန၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တပညာဇောတမှ ကိုးကွယ်ပူဇော်ဆည်းကပ်နိုင်ရေး ဘုရား(၇)ဆူနှင့်ဆရာတော်၏ ဓါတ်ပုံ(၂)တို့ကို ကံစမ်းမဲနှိပ်၍ ကုသိုလ်ပြုလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)