ဒဂုံတောင် ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER VASCCINE)များ ထိုးနှံခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ (၇၁) ရပ်ကွက်ရှိ ဗဟိုရ်စည်ဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့် ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးကြောင်း သတင်းရရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဈေးကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်းနှင့် ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး (၆)လပြည့်ပြီးသူများ ထိုးနှံ၍ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)