မဟာအောင်မြေမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက  ကျင်းပသည်။

မအူပင်မြို့ရှိ စည်ပင်သာယာဈေးများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေ‌ရန်အတွက် ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေး၊ အောင်ရတနာဈေးနှင့် အောင်မင်္ဂလာဈေးများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Yangon Oscar Fashion Co. ltd အထည်ချုပ်စက်ရုံဝန်းအတွင်း GENTURBO (500) KVA Generator မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၇၃/က)၊ ဖန်ချက်ဝန် ဦးရွှေအိုးလမ်းရှိ Yangon Oscar Fashion Co.ltd အထည်ချုပ်စက်ရုံဝန်းအတွင်း GENTURBO (500)KVA Generator တွင် ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းစု (၁) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ရွှေမြကွင်း (အ.လ.က) ကျောင်း‌ အားကစားကွင်း၌ ကျင်းပခဲ့သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့၌  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း‌၍ စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းခြခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မစျေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုံမှန်စျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရွှေတောင်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများပူးပေါင်း၍မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားဆောင်တွင် ဆောင်ရွက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ကျေးရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ရေစီးရေလာကောင်းမွန်ပြီး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်းလမ်းများအား ဂျင်းမြေခင်းခြင်းဆောင်ရွက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရား၌ စတီးလှေကားနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနား၊ ဥပ္ပါတသန္တိ ပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားနှင့် ထီးဖြူတော်(၂) လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဥပ္ပါတသန္တိပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
Subscribe to