ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားဝန်းရှိ ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှူး ဒေါ်နန့်တင်တင်အေးက ကျေးလက်နေပြည်သူများ ကျန်းမာရေးအသိပညာများ ပိုမိုတိုးပွားစေရေး၊ ရာသီအလိုက်ဖြစ်ပွားနိုင်သည့်ရောဂါများ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဖြစ်ပွားလာပါကကုသရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ဖြန့်ဝေပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြိုနယ်တွင် ပြည်သူများ ကျန်းမာရေးဗဟုသုတများ ပိုမိုရရှိစေရေးအတွက် ကျေးရွာအရောက်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဥ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်တိုင်းရင်ဆေးကုဦးစီးဌာနက သိရသည်။

အေဇာလင်း