သဲကုန်း ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆောင်သီးနှံစုံစိုက် ၆၇၈၅၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲ ၄၆၆၆ ဧက၊ နှမ်း ၂၃၃၉ ဧက၊ ဆောင်းနေကြာ ၁၁၄ ဧက၊ ပဲမျိုးစုံ ၃၆၂၆၁ ဧက ၊ ဖူးစားပြောင်း ၈၂၂၆ ဧက၊ ချက်ကြံ ၄၀၃၂ ဧက၊ ကြက်သွန်နီ ၄၂၁ဧက၊ ငရုတ်စို ၂၀၇ဧက၊ ဟင်းသီးဟင်းရွက် ၁၁၂၉၀ ဧက၊ ပန်းအမျိုးမျိုး ၂၇၁ဧက စုစုပေါင်း ၆၇၈၅၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်တွင် စိုက်/ ကြပ်မွေးကော်မတီဝင်များနှင့်စိုက်ပျိုးရေးဦးစီးဌာမှဝန်ထမ်းများ အနေဖြင့်ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကိုဟောပြာခြင်း၊ ကွင်းဆင်း၍ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုကျော် (ပြန်/ဆက်)