မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ တက်ရောက်ကြသည်။

တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် RCC (၂)ထပ်ဆောင် ဆောက်လုပ်ခြင်း (၃၂)ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် (၁၀၀×၃၀) RCC(၂)ထပ်ဆောင် အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းအားလုံး ၃၂ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နတ်မောက်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင် ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre)  ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

မြို့သစ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြံ့ခိုင်မှုရှိရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ နယ်မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရေဖြူမြို့၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၌တွင် ဆောင်းသီးနှံအဖြစ် ဟင်းသီးဟင်းရွက်များ၊ သီးပင် စားပင်များကို စိုက်ပျိုးကြရာ ရာသီပေါ်ချိန်၌ ဈေးကောင်းရရှိကြကြောင်း ရေဖြူမြို့ ဟင်းသီး ဟင်းရွက်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရသည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယမန်နေ့ နံနက်(၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရေး ဆက်လက်နှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို  ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက   အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်ဈေးကြီးရှေ့  လမ်းမကြီး တစ်လျှောက်နှင့် ရပ်ကွက်အတွင်း လမ်းသွယ်တို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to