ဆိပ်ဖြူ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေးအတွက်တောင်သူ ပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးရုံး၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆွေနွေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်မင်းနိုင်က ပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေးတို့အတွက် ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ပိုးမွှားရောဂါတာဝန်ခံတို့က ဆီထွက်သီးနှံထုတ်လုပ်မှုမြင့်မား တိုးတက်စေရေး နည်းပညာများကို ရှင်းလင်းပြောကြားပြီး ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ခံများက ပြန်လည်ဖြေကြားပေးသည်။ ၎င်းနောက် ပညာပေးဆွေးနွေးဟောပြောပွဲ တက်ရောက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ကျောက်မှုန့်မြေသြဇာများပေးအပ်ပြီး ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ပိုးမွှားရောဂါတာဝန်ခံတို့က ဒေသခံတောင်သူများစိုက်ပျိုးဆောင်ရွက်ထားရှိသည့် ဆီထွက်သီးနှံစိုက်ခင်းများ၊ ကြက်သွန်နီစိုက်ခင်းများအားကွင်းဆင်းကြည့်ရှု၍ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ရှင်းလင်းပြောကြားပေးသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆောင်ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲ(၄၅၄၁)ဧက၊ ဆောင်းနှမ်း(၄၀၄၃) ဧက၊ ဆောင်းနေကြာ (၈၅၂၆) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)