မူဆယ် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်(၆)နာရီတွင် မီနီမာရသွန်အပြေးပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၃)မျိုးဖြင့် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးနာယက ဦးအောင်ဇော်မိုးကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ပူးပေါင်းကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အပျော်တမ်းပြိုင်ပွဲဝင်များအနေဖြင့် မူဆယ်မြို့၊ ပြေးလမ်းကြောင်းမှာ မင်္ဂလာမူဆယ်မှ ကမ်းနားလမ်းထောင့်မှ မင်္ဂလာမူဆယ်အိမ်ရာဝင်းကိုပတ်၍ မင်္ဂလာမူဆယ်အထိ(၄)ကီလိုရှိပြီး အဆိုပါပြိုင်ပွဲတွင်အသက်(၅၀)နှစ်အထက်လူကြီးများနှင့် မိသားစုအလိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ မိသားစုအလိုက်ပြိုင်ပွဲဝင်ရာတွင် အုပ်ထိန်းသူအပါအဝင်အသက်(၁၂)နှစ် အောက်သား/ သမီး(၁)ဦး (သို့မဟုတ်) (၂)ဦး ပါရှိရမည်ဖြစ်ကြောင်း၊ တစ်ဝက်ပြိုင်ပွဲများအနေဖြင့် မင်္ဂလာမူဆယ်မှ ခိုင်ဇာနန်းတော်ဟိုတယ်၊ ခိုင်ဇာနန်းတော်ဟိုတယ်မှ မင်္ဂလာမူဆယ်အထိ(၁၃)ကီလိုရှိပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ အပြည့်ပြိုင်ပွဲဝင်များအနေဖြင့် မင်္ဂလာမူဆယ်မှ ပြည်ထောင်စုလမ်းမ OHC တိုးဂိတ်၊ ပြည်ထောင်စုလမ်းမ OHC တိုးဂိတ်မှ မင်္ဂလာမူဆယ် အထိ(၁၈)ကီလိုမီတာရှိပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အဆိုပါအပျော်တမ်းတွင်ပါဝင်သူများကို ဂုဏ်ပြုပထမဆုငွေကျပ် (၃) သိန်း၊ ဒုတိယဆုငွေ ကျပ်(၂)သိန်း၊ တတိယဆုငွေကျပ်(၁)သိန်း(၅)သောင်း၊ စတုတ္ထဆုငွေကျပ်(၁)သိန်း၊ ပဉ္စမဆုငွေ ကျပ်(၈)သောင်း၊ ဆဋ္ဌမဆုငွေကျပ် (၆)သောင်း၊ သတ္တမဆုငွေကျပ်(၅) သောင်း၊ အဋ္ဌမဆုငွေ ကျပ် (၄)သောင်း၊ နဝမဆုငွေကျပ်(၃)သောင်း၊ ဒဿမဆုငွေကျပ်(၂) သောင်း ချီးမြှင့်ပြီး ဇွဲဆုကို အဆင့်(၁၁)မှ အဆင့်(၂၀)အထိ ဂုဏ်ပြုငွေကျပ်(၂)သောင်းစီ ထပ်မံချီးမြှင့်မှာ ဖြစ်ပါသည်။ ထိုသို့ မာရသွန် (၁၃)ကီလိုမီတာ ဖြစ်သော (တစ်ဝက်)ပြိုင်ပွဲတွင် ပထမဆုငွေကျပ်(၈)သိန်း၊ ဒုတိယဆုငွေကျပ်(၆)သိန်း၊ တတိယဆုငွေကျပ်(၅)သိန်း၊ စတုတ္ထ ဆုငွေကျပ်(၄)သိန်း၊ ပဉ္စမဆုငွေကျပ် (၃)သိန်း(၅)သောင်း၊ ဆဋ္ဌမဆုငွေကျပ် (၃)သိန်း၊ သတ္တမဆုငွေကျပ်(၂)သိန်း (၅)သောင်း၊ အဋ္ဌမဆုငွေကျပ်(၂)သိန်း၊ နဝမဆုငွေကျပ်(၁)သိန်း (၅)သောင်း၊ ဒဿမဆုငွေကျပ် (၁)သိန်း ချီးမြှင့်ပြီး ဇွဲဆုကို အဆင့်(၁၁)မှ အဆင့်(၂၀)အထိ ဂုဏ်ပြုငွေကျပ်(၅)သောင်းစီနှင့် (၁၈)ကီလိုမီတာ(အပြည့်)ပြိုင်ပွဲတွင် ပထမဆုငွေကျပ် (၁၀)သိန်း၊ ဒုတိယဆုငွေကျပ် (၈)သိန်း၊ တတိယဆုငွေကျပ်(၆)သိန်း ၊ စတုတ္ထဆုငွေကျပ်( ၅)သိန်း၊ ပဉ္စမဆုငွေကျပ်(၄)သိန်း(၅)သောင်း၊ ဆဋ္ဌမဆုငွေကျပ်(၄)သိန်း၊ သတ္တမဆုငွေကျပ်(၃)သိန်း (၅)သောင်း၊ အဋ္ဌမဆုငွေကျပ်(၃)သိန်း၊ နဝမဆုငွေ ကျပ်(၂)သိန်း (၅)သောင်း၊ ဒဿမဆုငွေကျပ်(၂)သိန်းချီးမြှင့်ပြီး ဇွဲဆုကို အဆင့်(၁၁)မှ အဆင့်(၂၀)အထိ ဂုဏ်ပြုငွေကျပ်(၁) သိန်းစီ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း မူဆယ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြေညာထားကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားဝါသနာရှင်များအနေဖြင့် (၁၃-၁၂-၂၀၂၄) ရက်နေ့ နောက်ဆုံးထားစာရင်းသွင်းပြီး ပြိုင်ပွဲဝင်သူစာရင်း စုစုပေါင်းမှာ(၂၈၃၀)ဦးရှိပြီး အပျော်တမ်းပြိုင်ပွဲ (၄)ကီလိုတွင် (၁၀၀၀)ဦး၊ တစ်ဝက်ပြိုင်ပွဲ (၁၃)ကီလိုတွင် (၁၂၀၀)ဦးနှင့် အပြည့်ပြိုင်ပွဲ (၁၈)ကီလိုတွင်(၆၃၀)ဦးရှိကြောင်း သိရှိရသည်။
ယခုအခါ အဆိုပါမီနီမာရသွန် (အပျော်တမ်း၊ တစ်ဝက်၊ အပြည့်) အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မူဆယ်မြို့ရှိ အားကစားဝါသနာရှင်များသည် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် မင်္ဂလာမူဆယ်လမ်းမကြီးတစ်လျောက်၌ အပြေးလေ့ကျင့်လျက်ရှိပြီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်း နံနက်ပိုင်း၌ အပြေးလေ့ကျင့်သူများကို တွေ့မြင်ကြရသဖြင့် မီနီမာရသွန်(အပျော်တမ်း၊ တစ်ဝက်၊ အပြည့်) အပြေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားဝါသနာရှင်များဖြစ်ကြသည့် မူဆယ်မြို့ဌာနေ ပြည်သူများ ပျော်ရွှင်ပါဝင်ယှဉ်ပြိုင်ကြသဖြင့် အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)