ချမ်းအေးသာစံ ဒီဇင်ဘာ ၁၉
မြန်မာလူငယ် မိတ်သဟာယမှ ကြီးမှူးကျင်းပသည့် ခရစ်စမတ်အကြို Christmas Cantata သံစုံသီချင်းနှင့် အကပဒေသာပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ MCC ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ Good News mission အသင်းတော်မှ သိက္ခာတော်ရဆရာ ဒေါက်တာဂမ်မွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြပြီး မြန်မာလူငယ် မိတ်သဟာယ M-YF မှတ်တမ်း Videoclip ပြသ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရစ်စမတ်ကြိုဆိုနှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ Good News mission အသင်းတော်မှ သိက္ခာတော်ရ ဆရာတော်က မုဒိတာစကားကိုလည်းကောင်း ပြောကြားပြီးနောက် မြန်မာလူငယ်မိတ်သဟာယမှ ဂုဏ်ပြုတင်ဆက်သည့် သံစုံသီချင်းသီဆိုမှုနှင့် အကပဒေသာများဖြင့် ကပြမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်