ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဥပဒေရုံးနှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

မိုင်းယန်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျေးရွာစာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေ ကျပ်သိန်း(၁၅၀) ဖြင့်မိုင်းလွေကျေးရွာအုပ်စု ပန်ဆောင်ကျေးရွာအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပသည်။

နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာ(အခြေခံအဆင့်)သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာ(အခြေခံအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီကစိုက်ပျိုးသည့် ဖူးစားပြောင်းသီးနှံ ၂၂၆၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဖူးစားပြောင်းသီးနှံ ၂၂၆၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့၌  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်နှင့် ပညာ‌ရေးဒီဂရီကောလိပ်တို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆောင်းပါးနှင့် ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာ Book Club အဖွဲ့ စာဖတ်ဝိုင်းနှင့် စာဖတ်ရှိန်မြှင့်‌တင်ရေးဆွေးနွေး

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် "စာဖတ်ဝိုင်း"ကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ နေကြာသီးနှံ (၅၉၄၉)ဧကထိ စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ (၅၉၄၉)ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲများ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်ရှိ အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်နိုင်ရေး ငါးသားပေါက်များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက မြစ်ချောင်းအင်းအိုင်များတွင်  ရေသယံဇာတတိုးပွားစေရေးနှင့် ငါးသယံဇာတများ မပြုန်းတီးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်နိုင်ရေး အင်းသားကြီးများအား ငါးသားပေါက်များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ မူလတန်းအဆင့် ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ၊ ဉာဏစွမ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
Subscribe to