ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဥပဒေရုံးနှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးဝင်းမောင်က ဥပဒေရေးရာဝန်ကြီးဌာနသမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေစသည့် ဥပဒေရေးရာဆိုင်ရာအကြောင်းအရာများကို ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)