ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များ၏ ကာယ၊ ဥာဏ စွမ်းရည်များ ဖွံဖြိုးတိုးတက်​စေရန်အတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက စက်သစ်ရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်သည်။

ကျိုင်းလပ်မြို့ (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ပုံပြင်ပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့‌သည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည့်သူများမှ အခမ်းအနားများတွင် ပေးအပ်လာသည့်တာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
Subscribe to