ဒေးဒရဲမြို့နယ်ရှိ အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်နိုင်ရေး ငါးသားပေါက်များ ပေးအပ်

ဒေးဒရဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက မြစ်ချောင်းအင်းအိုင်များတွင်  ရေသယံဇာတတိုးပွားစေရေးနှင့် ငါးသယံဇာတများ မပြုန်းတီးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်နိုင်ရေး အင်းသားကြီးများအား ငါးသားပေါက်များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၂၀၂၄-၂၀၂၅) ခုနှစ် အင်းလုပ်ငန်းရာသီအတွက် မြို့နယ်အတွင်းရှိ အင်းချောင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်နိုင်ရေး အင်းလုပ်သားကြီးများ လက်ဝယ်သို့ ငါးမြစ်ခြင်းသားပေါက်ကောင်ရေ (၇၇၀၀၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း