သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များ၏ ကာယ၊ ဥာဏ စွမ်းရည်များ ဖွံဖြိုးတိုးတက်​စေရန်အတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက စက်သစ်ရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်သည်။

ကျိုင်းလပ်မြို့ (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ပုံပြင်ပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့‌သည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည့်သူများမှ အခမ်းအနားများတွင် ပေးအပ်လာသည့်တာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက စတင်ဖွင့်လှစ်ခဲ့သည်။

ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး‌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယ‌မန်နေ့နံနက် (၉:၃၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရမည်းသင်းမြို့တွင် ကောက်ရိုးထုံးစက် (Round Baler) ဖြင့် သရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမှတ် (၂၈) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက်(RoundBaler) ဖြင့်သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆည်ကြီးကျေးရွာအုပ်စု၊ သင်ပန်းကုန်းကျေးရွာ ကွင်းအမှတ်(၁၁၉၆) ရှိ တောင်သူဦးညွှန့်၏ လယ်ယာမြေပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ပဲမျိုးစုံ ၃၃၀၁၇ လျာထားဧကစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊  ပဲကြီး၊ ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲနောက် ၃၃၀၁၇ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာပဲမျိုးစုံ ဆောင်းသီးနှံလျာထားဧက  စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ကြံတစ်တန် ကျပ် (၁၈၀၀၀၀) ထိဈေးကောင်းရ

ကြံရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်ရုံမှ ကြံတစ်တန်စက်ရုံအရောက် ကျပ် (၁၈၀၀၀၀) ထိဈေးပေးဝယ်ယူသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက်(ခေါ်)စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Subscribe to