ကျိုင်းတုံမြို့၌ လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယမန်နေ့က ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။