ပိုင်ကျုံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ မူလတန်းအဆင့် ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ၊ ဉာဏစွမ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြည်သူ့စာကြည့်တိုက်၌ ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်ကြိုက်ပန်းချီးရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦး ကောင်းသောယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)