ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့၌  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်နှင့် ပညာ‌ရေးဒီဂရီကောလိပ်တို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆောင်းပါးနှင့် ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆောင်းပါးပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေထိန်းသိမ်းဖို့ တို့သွေးချင်းတို့ စည်းလုံးစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အဖိုးအနဂ္ဂထိုက်တန်ပေ လွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)