မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မိုင်းစံ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲများ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး  ဒေါ်ဥမ္မာထွေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြပုံနှင့် လွတ်လပ်ရေးနေ့ကျင်းပရခြင်း အကြောင်းအရာများကို ဟောပြောခဲ့သည်။

တို့နောက် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော အသိပညာပေး နံရံကပ်ဓါတ်ပုံများအား  စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှူ့ခဲ့ကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)