မြိတ် ဧပြီ ၁၇
၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ဆိပ်ငယ်ဗောတံတားတွင် ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။
ဇီဝိတဒါန စုပေါင်းငါးလွှတ်ရာတွင် ရေငန်ငါး ကကတက်အကောင်ရေ (၁၅၀၀၀) နှင့် ကဏန်းအကောင်ရေ (၁၅၀၀) တို့ကို ဇီဝိတဒါနအဖြစ် ဗောတံတားမှ မြိတ်ကမ်းနားရေပြင်သို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေအသင်းအဖွဲ့ဝင်များက ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)