လပွတ္တာ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါနအဖြစ် ရေချိုပုစွန်လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လိန်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ တမံချောင်းတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရင်မော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လပွတ္တာခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၂၀) ခန့် တက်ရောက်ခဲ့ပြီး ရေချိုပုစွန်သားပေါက်ကောင်ရေ (၅၀၀၀) ကို ရှမ်းစုတမံချောင်းအတွင်းသို့ ဇီဝိတဒါနအဖြစ် စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)