ဘုတ်ပြင်းမြို့တွင် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကျင်းပ

ဘုတ်ပြင်း ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်လှဖေဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဏန်းလွှတ်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ဇီဝိတဒါနအနေဖြင့် စုပေါင်းကဏန်းလွှတ် ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဇီဝိတဒါန ကဏန်းလွှတ်ပွဲတွင် ရွံ့ကဏန်း (ကဏန်းမဲ) Mud Crab ကောင်ရေ (၁၅၀၀) ကောင်အား ဗိုလ်လှဖေတံတားမှ ဘုတ်ပြင်းချောင်းအတွင်းသို့ ကုသိုလ်ပြု စုပေါင်းလွတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)