ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နေပြည်တော် ဧပြီ ၁၇

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၄၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာတွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများအား အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် လွတ်ငြိမ်းခွင့်ပြုနေမှုကို စုစည်းဖော်ပြအပ်ပါသည် -

မိုးညှင်းဗဟိုအကျဉ်းထောင်တွင် စုစုပေါင်း (၂၂) ဦး၊ သထုံအကျဉ်းထောင်မှ စုစုပေါင်း (၃၁) ဦး၊ ဖျာပုံအကျဥ်းထောင်မှ စုစုပေါင်း (၅၀) ဦး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းထောင်မှ စုစုပေါင်း (၂၅) ဦး၊ မအူပင်အကျဉ်းထောင်မှ စုစုပေါင်း (၄၄) ဦး၊ မြင်းခြံဗဟိုအကျဉ်းထောင်မှ စုစုပေါင်း (၉၆) ဦး၊ မြောင်းမြအကျဉ်းထောင်မှ စုစုပေါင်း (၈၆) ဦး၊ ပြည်အကျဥ်းထောင်မှ စုစုပေါင်း (၇၂) ဦး၊ သာယာဝတီဗဟိုအကျဥ်းထောင်မှ စုစုပေါင်း (၁၀၁) ဦး၊ ပဲခူးအချုပ်ထောင်မှ စုစုပေါင်း (၄၅) ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ စုစုပေါင်း (၂၀) ဦး၊ ကသာအကျဉ်းထောင်မှ စုစုပေါင်း (၉) ဦး၊ တောင်ငူအကျဉ်းထောင်မှ စုစုပေါင်း (၄၈) ဦး၊ နေပြည်တော်အကျဉ်းထောင်မှ စုစုပေါင်း (၆၄) ဦး၊ မကွေးဗဟိုအကျဉ်းထောင်မှ စုစုပေါင်း (၁၉၁) ဦး၊ ခန္တီးအကျဉ်းထောင်မှ စုစုပေါင်း (၄၀) ဦး၊ ကျိုက်ထိုအကျဉ်းထောင်မှ စုစုပေါင်း (၁၂၉) ဦး၊ ပေါင်အကျဉ်းထောင်မှ စုစုပေါင်း (၃၄) ဦး၊ ဘီးလင်းအကျဉ်းထောင်မှ စုစုပေါင်း (၁၆) ဦး၊ မုံရွာအကျဉ်းထောင်မှ စုစုပေါင်း (၁၂၇) ဦး၊ ပူတာအိုအကျဉ်းထောင်မှ စုစုပေါင်း (၁၂) ဦး၊ ဟင်္သာတအကျဉ်းထောင်မှ စုစုပေါင်း (၅၈) ဦး၊ ကလေးအကျဥ်းထောင်မှ စုစုပေါင်း (၃၉) ဦး၊ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ စုစုပေါင်း (၂၄) ဦး၊ ဒိုက်ဦးအကျဥ်းထောင်မှ စုစုပေါင်း (၃၃) ဦး၊ ညောင်ဦးအကျဉ်းထောင်မှ စုစုပေါင်း (၁၁) ဦး၊ ပခုက္ကူအကျဉ်းထောင်မှ စုစုပေါင်း (၃၃) ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန