တပ်ကုန်း ဧပြီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ဦးဆောင်ထည့်သွင်းကျင်းပသည့် ယိမ်းအကပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဧပြီ ၁၆ ရက်နေ့ ည ၇ နာရီက ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ဦးစွာ ပြိုင်ပွဲတွင် ယိမ်းအဖွဲ့ကိုးဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ငါးဖွဲ့ယှဉ်ပြိုင်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဒိုင်အဖွဲ့အား ဂုဏ်ပြုငွေနှင့် ပထမဆုရ မြဝတီရပ်ကွက်ယိမ်းအဖွဲ့၊ ဒုတိယဆုရ တပ်ကုန်းခြေမြန်တပ်ရင်း(၁၀၉) ယိမ်းအဖွဲ့၊ တတိယဆုရ ဗိုလ်မင်းရောင်ရပ်ကွက်ယိမ်းအဖွဲ့နှင့် အထူးဆု (၁) ရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့၊ အထူးဆု (၂) ရ ဘုရင့်နောင်ရပ်ကွက်ယိမ်းအဖွဲ့တို့အား ဒိုင်းဖလားဆုနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက နှစ်သစ်မင်္ဂလာ ဆုတောင်းစကား ပြောကြားပြီးနောက် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲကာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်