တိုက်ကြီး ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်စကိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင်ကျင်းပကြောင်း သိရသည်။
ဦးစွာ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုး ဖြတ် ဖွင့်လှစ်သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် ၅၂၀ ပေ၊ အကျယ် ၁၀ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)