နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် သင်ကြား/ သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နန်းယွန်း ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9)နှင့် မူလတန်းဆင့် (Grade-5) သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပညာရေးမှူး ဦးဝါးရှမ်းမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခဲ့ကြောင်း သိရသည်။

ထိုနောက် သင်တန်းနည်းပြဆရာ/ဆရာမများက သင်တန်းတွင် ပို့ချမည့် အချက်အလက်များကို ဆွေးဆွေးတင်ပြကာ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ဆရာကြီးများက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်၊ ဒုတိယပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကာ သင်တန်းကာလမှာ ဒီဇင်ဘာ(၂၈)ရက်နေ့မှ (၃၁)ရက်ထိ လေးရက်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း၊ အလယ်တန်းဆင့် သင်တန်းနည်းပြ (၆) ဦး၊ မူလတန်းဆင့်နည်းပြ (၁၅) ဦးနှင့် သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၂၃၃)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)