အောင်လံမြို့၌ ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

အောင်လံ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန်နှင့်အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲ အချိန်က စုရပ်ဖြစ်သော ရွှေပြောင်ပြောင်စေတီတော်ဘုရားကြီးရှေ့၌ ကျင်းပခဲ့သည်။

ထိုစုပေါင်းလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ ပြည်သူ့အားကစားကွင်းကြီးဆီသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အားကစားကွင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပြီး လမ်းလျှောက်လူသူများအား ကောက်ညှင်းပေါင်းများ ဝေငှခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)