မိုင်းတုံမြို့နယ်၌ သက်ကြီးပူဇော်ကန်‌တော့ပွဲ အခမ်းအနားပြုလုပ်

မိုင်းတုံ ဧပြီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့လယ်ဓမ္မရုံ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုင်းတုံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပရာ သက်ကြီးဘိုးဘွားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ် ချုပ်‌ရေးမှူးများ၊ စေတနာရှင်များ စုစုပေါင်း (၁၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကန်တော့ခံသက်ကြီးဘိုး ဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့ကို လက်ဖက်ရည်၊ မုန့်နှင့် မုန့်တီသုပ်တို့ဖြင့် ဧည့်ခံပြီးနောက်ကန်တော့ခံ သက်ကြီးဘိုးဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ “ဂါရဝေါစနိဝါတောစ၊ ပူဇာစ ပူဇနေယျာနံ၊ဧတံမင်္ဂလာမုတ္တမံ” ပါဋိကို သံပြိုင် (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တက်ရောက် လာသည့်ဧည့်သည်တော်များမှ ကန့်တော့ခံ သက်ကြီးဘိုးဘွားများကိုဦး(၃)ကြိမ်ချ ရှိခိုးကန်တော့ကြရာ ကန်တော့ခံ သက်ကြီးဘိုးဘွားများ၏ ကိုယ်စား အဖိုးဦးချစ်စိန်က ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ပြီး ကန်တော့ခံ သက်ကြီးဘိုးဘွား(၅၀)ဦးအား ခရိုင်/မြို့နယ်‌ အဆင့်ဌာနဆိုင်ရာများမှ ဘိုးဘွားတစ်ဦးလျှင် ငွေသား (၅၀,၀၀ဝိ/-) နှုန်းဖြင့်  စုစုပေါင်း (၂,၅၀၀,၀၀ဝိ/-) ကျပ်နင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်+ဒေါ်နီနီထွန်းမိသားစုမှ  ဘိုးဘွားတစ်ဦးလျှင်ငွေ သား (၅,၀၀ဝိ) နှုန်းဖြင့်  စုစုပေါင်း (၂၅၀,၀၀ဝိ) ကျပ်၊ ရွှေစေတီကျောင်းတိုက်သံဃာတော်များမှ ခေါက်ဆွဲခြောက်မုန့် လက်ဖက်ရည်/ ကော်ဖီအဟာရ‌ ဖြည့်စွပ်စားအဖြင့် ဘွားတစ်ဦးလျှင် (၁၀,၀၀၀) ကျပ် စုစုပေါင်းတန်ဖိုး (၅၀၀,၀၀၀)ကျပ်၊ ခရိုင်မိခင်နှင့်ကလေးအဖွဲ့တို့မှ သက်ကြီးဘိုးဘွား(၅၀)ဦး(၂၅၀,၀၀ဝိ) ကျပ်၊‌ ဖောင်လျဉ်းမိသားစုမှ ဘိုးဘွားတစ်ဦးလျှင်ဘတ် (၁၀၀)ကျပ်ဖြင့် (၅၀)ဦးဘတ် (၅၀၀ဝိ) မြန်ငွေ (၆၅၀,၀၀၀) ကျပ်၊ ဒေါ်နန်းဆိုင်စိန်ဒိုင်းမွန်း မိသားစုမှ သက်ကြီးဘိုးဘွား(၅၀)ဦးအတွက် ( ၅၀၀,၀၀ဝိ) ကျပ်၊ ဦးစိုင်းဘောဂမိသားစုမှ သက်ကြီးဘိုးဘွား(၅၀)ဦးအတွက် (၅၀၀,၀၀ဝိ) ကျပ်၊ တက်လမ်းမိသားစုမှ သက်ကြီးဘိုးဘွား (၅၀)ဦးအတွက် (၅၀၀,၀၀ဝိ)ကျပ်၊ မြသုံးလုံးမိသားစုမှ ဘိုးဘွားတစ်ဦးလျှင်ငွေသား (၁၀,၀၀ဝိ) နှုန်းဖြင့်(၅၀)ဦးအတွက် (၅၀၀,၀၀ဝိ) ကျပ်၊ စွယ်မွေးမိသားစုမှ သက်ကြီးဘိုးဘွား(၅၀)ဦးအတွက် (၂၅၀,၀၀ဝိ) ကျပ် စုစုပေါင်း ဘိုးဘွားတစ်ဦးလျှင် ငွေသား (၁၂၈,၀၀ဝိ) ကျပ်နှုန်းဖြင့်စုစုပေါင်းလှူဒါန်း  တန်ဖိုး (၆,၄၀၀,၀၀ဝိ) ကျပ် တို့ကိုလှူဒါန်းပေးပြီး ကန်တော့ခံသက်ကြီးဘိုးဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့က “အသေဝနစဗာလာနံ၊ ပဏ္ဍိတာနဉ္စသေဝနာပူဇာစပူဇနေယျာနံဧတံမင်္ဂလာမုတ္တမံ” ပါဋိတော်ကို သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)