ဖားကန့် ဧပြီ ၁၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဖားကန့်အချုပ်ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ ဧပြီလ (၁၇) ရက် နံနက်ပိုင်းက လွတ်ငြိမ်းခွင့်ဖြင့် ဖားကန့်အချုပ်ထောင်မှအကျဉ်းသား (၁) ဦးနှင့် ဒွန်ဘန်စခန်းမှ အကျဉ်းသား (၂) ဦး အကျဉ်းသားစုစုပေါင်း (၃) ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ဖားကန့်အချုပ်ထောင်နှင့် ဒွန်ဘန်စခန်းတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော အကျဉ်းသား (၃) ဦးတို့အား တာဝန်ရှိသူများက ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများကို ကတိဝန်ခံချက်လက်မှတ်ရေးထိုးစေကာ လွတ်လက်မှတ်နှင့် သတ်မှတ်ခရီးစရိတ် စားစရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)