ညောင်တုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ညောင်တုန်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်အုပ်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အမှတ် (၃) ရပ်ကွက်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မြို့နယ်သံဃာ့နာယကဆရာ‌တော်ကြီးများထံမှ နှစ်ဦးအန္တရာယ်ကင်းပရိတ် တရား‌တော်များနာကြားခြင်း၊ ဝတ္တုငွေနှင့်အအေးများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှအတန်းများ ပေဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)