မော်လမြိုင် ဧပြီ ၁၈
နိုင်ငံတော်နှင့် ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင်မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများသက်သာသည့်ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန်အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ပြီး ဦးစွာ ရှင်းလင်းဆောင်တွင် မွန်ပြည်နယ်ရေနံထွက်ပစ္စည်း ထိန်းသိမ်းရေးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်မှ ပြည်ပမှစက်သုံးဆီဝယ်ယူ တင်သွင်းမှုအခြေအနေများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီများ ဖြန့်ခွဲပေးမှုအခြေအနေများနှင့် ပြည်ပမှစက်သုံးဆီများ ထပ်မံမှာယူထားရှိမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့် စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင် တန်းစီ၍ ဝယ်ယူနေရသည်ကို တွေ့ရှိနေရ၍ တန်းစီစောင့်ဆိုင်းနေရမှု နည်းပါးသွားအောင် ဆောင်ရွက်သွားရန်၊ စက်သုံးဆီများအား ယာဉ်များအတွက်သာမကပဲ မိုးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ စိုက်ပျိုးရေးအတွက်ပါ ဆီရရှိရေး ကြိုတင်ဆောင်ရွက်ထားရန်၊ စက်သုံးဆီအား ပြတ်လပ်မသွားစေရေးအတွက် လက်ရှိအခြေအနေအတိုင်း ထိန်းသိမ်းထားရှိရန်၊ နွေရာသီဖြစ်၍ စက်သုံးဆီသိုလှောင်ထားမှုနေရာများ မီးဘေး Safely ဖြစ်အောင်ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Puma Power International Port Terminal ဆိပ်ကမ်းသို့လာရောက်သည့် လမ်းများ ပိုမိုကောင်းမွန်ရန်လိုအပ်ကြောင်း၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ဘားကုတ်များဖြင့် စက်သုံးဆီ ရောင်းချနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်း အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တာရာယ်အား ဂရုစိုက်ရန်လိုအပ်ကြောင်းနှင့် မိုးရာသီတွင် သီးနှံစိုက်ပျိုးရေးအတွက် စက်သုံးဆီများလိုအပ်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရှိသွားရန် လိုအပ်ကြောင်း၊ မကြာမီမိုးကာလသို့ရောက်ရှိလာမည်ဖြစ်ရာ သီဥတုမှာမုန်တိုင်းများ ဝင်ရောက်လာနိုင်သဖြင့် သင်္ဘောမှချည်နှောင်ထားသည့် ကြိုးများပြတ်တောက်သွားမှု မရှိစေရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်းပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Puma Power International Port Terminal ဆိပ်ကမ်းနှင့် အဆိုပါ သိုလှောင်ကန်များရှိ စက်သုံးဆီများကိုသက်ဆိုင်ရာ ဆီဖြည့်ပွိုင့်များမှတစ်ဆင့် ဆီဘောက်ဆာယာဉ်များပေါ်သို့ ဆီဖြည့်ပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)