ပျော်ဘွယ် ဖေဖော်ဝါရီ ၁၀
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီခွဲက ပျော်ဘွယ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း အရာများ၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများလေ့လာဖတ်ရှုရေးတို့ကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)