ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံ (၁၅၇၁၁) ဧက စိုက်ပျိုးပြီဖြစ်ကြောင်း သိရသည်။
ဆောင်းဆီထွက်သီးနှံများစိုက်ပျိုးရာ၌ မြေပဲသီးနှံအား (၂၉၇) လျာထားစိုက်ပျိုးခဲ့ရာ (၂၉၉)ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၂) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နှမ်းသီးနှံအား (၅၁၃၅) ဧက လျာထားစိုက်ပျိုးခဲ့ရာ (၅၁၃၈) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၃) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နေကြာသီးနှံအား (၁၀၂၇၃) ဧက လျာထားစိုက်ပျိုးခဲ့ရာ (၁၀၂၇၄) ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၁) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း မျိုးစေ့ဖူလုံပိုလျှံစေရေး ဆက်စပ်ဌာနများ၊ တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေမှန်မှန်ရရှိရေး၊ မျိုးစေ့ထုတ်စိုက်ခြင်းများ စနစ်တကျစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)