သံတောင်ကြီးဒေသတွင်နနွင်းများစတင်တူးဖော်ရောင်းချ

သံတောင်ကြီး ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ တညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ပိုင်း၌ အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ယခုနှစ်တွင် ဖေဖော်ဝါရီလပထမပတ်မှစတင်ပြီး နနွင်းများ စတင်တူးဖော်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါနနွင်းကိုတူးပြီး ရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကိုဆောင်ရွက်ပြီး ရရှိလာသည့်နနွင်းများကို အရောင်တက်လာစေရန် ဇကာများဖြင့် နေလှန်းကာသံတောင်ကြီးမြို့ပေါ်နှင့် တောင်ငူမြို့ရှိ   အဝယ်ဒိုင်များထံသို့   ရောင်းချပေးလျက်ရှိပြီး   ယခင်နှစ်တွင်  နနွင်းခြောက်တစ်ပိဿာ ကျပ် (၁၂၀၀၀) အထိရရှိသော်လည်း ယခုစတင်တူးဖာ်လုပ်ကိုင်သည့် ဖေဖော်ဝါရီလပထမပတ်တွင်နနွင်း အခြောက်တစ်ပိဿာလျှင်ကျပ်(၇၀၀၀)သာရရှိပြီး ဈေးနှုန်းကျဆင်းကြောင်း နနွင်းစိုက်ပျိုးရောင်းဝယ် လုပ်ကိုင်သူဦးသာဝါးထံက သိရသည်။

နော်နော်မူ