ကန့်ဘလူမြို့၌ အခြေခံပညာဦးစီးဌာန လစ်လပ်နေရာများအတွက် ရေးဖြေစာမေးပွဲစတင်ဖြေဆို

ကန့်ဘလူ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကန့်ဘလူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ခရိုင်ပညာရေးမှူး ဦးသန်းထိုက်နှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ဝင်ရောဖြေဆိုသူများအနေဖြင့် အငယ်တန်းစာရေး ရာထူးနေရာများအတွက် ၆၈ ဦး၊ စာရင်းကို- ၄ နေရာအတွက် သုံးဦး၊ သန့်ရှင်းရေးအတွက် ၂၁၈ ဦး၊ ရုံးအကူအတွက် ၁၇၀ ဦးနှင့် အစောင့်ဝန်ထမ်းနေရာအတွက် ၁၁၆ ဦး စုစုပေါင်း ၅၇၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လူတွေ့နှုတ်ဖြေစာမေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အ.ထ.က(၁) ကန့်ဘလူကျောင်း၌ ဆက်လက်ဖြေဆိုသွားရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)