ဒလမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်

ဒလ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်း‌နေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းပေါင်း(၇၆)ကျောင်းတွင် ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူ(၂၉၁၇)ဦးအား အခြေခံပညာဦးစီးဌာန၏ ကျောင်းတွင်း‌နေ့လယ်စာအာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပြီး အ.မ.က ခနောင်ရှမ်းစုကျေးရွာ၊ အ.မ.ကခနောင်ရွာမကျေးရွာ၊ အ.မ.ကခနောင်အထက်‌ကျေးရွာနှင့် အ.ထ.က(ခွဲ)ခနောင်ချောင်း၀ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ 

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊‌ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့်ညီညွှတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတက်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအ၀င် ကဏ္ဍပေါင်းစုံပါဝင်ဆောင်ရွက်ရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်စေရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန်ရည်ရွယ်၍ ထမင်း၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်စသော အာဟာရများကျွေးမွေးခဲ့ကြသည်။ အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၇၂)ကျောင်းရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးရာ နေရာများသို့ မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန် /ဆက်)