ပုလော ဖေဖော်ဝါရီ ၁၈
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနည်းဥပဒေများကို သိရှိနားလည်ထားမှ ပြည်သူများကို လက်ဆင့်ကမ်း မျှဝေပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ၊ မြို့နယ်အဖွဲ့၏လုပ်ငန်းတာဝန်များကို အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပုလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသည့် ဝန်ထမ်းကသိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ ပြည်သူ့ စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆွေးနွေးခြင်းအခမ်းအနားကို ပုလောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်း (၉၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)