ရန်ကင်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကင်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်းကာ KG ကလေးငယ်များ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့် မြို့နယ်ပညာရေးမှူးဒေါ်ဝင်းရည်မွန်တို့ဦးဆောင်၍ ကျောင်းအုပ်ကြီးများကျန်းမာရေး ၀န်ထမ်းများက ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကလေးငယ်များအား အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေ့လယ်စာစားသုံးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)