သာယာဝတီ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သော သုံးဆယ်မြို့၊ အနောက်ရိုးကြီးရပ်ကွက်၊ အနောက်လမ်းသစ်တန်းလမ်းနေအိမ်၌ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ထိုသို့ အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် သာယာဝတီခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းအလှူငွေ (၂၁၀၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလတ်စတစ်ပုံးတစ်ပုံးအား မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)