လင်းခေး ဖေဖော်ဝါရီ ၁၈
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) (လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က ယာယီနေရပ်စွန့်ခွာပြည်သူ (၉၀) ဦးတို့ထံ နိုင်ငံတော်မှ ထောက်ပံ့ငွေများကို တစ်ဦးချင်း အလိုက်အသီးသီး ပေးအပ်ခဲ့ကြပါသည်။
ယင်းနောက် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအ နားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများ စုစုပေါင်းအင်အား (၁၃၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)