ကော့မှူး ဖေဖော်ဝါရီ ၁၉
အခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-1 ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင်းအာဟာရများကျွေးမွေးခြင်းကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျွေးမွေးခဲ့ကြောင်းသိရသည်။
ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ်စသည့်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကျွေးမွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အာဟာရအကြောင်းအသိပညာပေးခြင်း၊ အစာမစားမီစနစ်တကျလက်ဆေးခြင်း၊ အစာစားပြီးတိုင်းသွားတိုက်ခြင်းနှင့်ပတ်သက်သော အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ်တွင် Grade-1 ကျောင်းသား ၁၃၁၂ ဦး၊ ကျောင်းသူ ၁၂၄၁ ဦး စုစုပေါင်း ၂၅၅၃ ဦးအား အာဟာရများကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)