သဲကုန်းမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

သဲကုန်း ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ​မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ်အတွင်း မြို့ပေါ်ရှိရပ်ကွက်များနှင့် ​​ကျေးရွာများရှိ အသက် ၆ လမှ ၅ နှစ်အတွင်းရှိကလေးငယ်များ ဗီတာမင်အေချို့တဲ့မှုမဖြစ်စေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကလေးငယ်များအား ဗီတာမင်အေကိုယ်တိုင်တိုက်ကျွေးပေးခြင်း၊ ကလေးမိဘများအား ဗီတာမင်အားဆေးရည်တိုက်ကျွေးပုံနည်းစနစ်များအား ပြသပေးခြင်းနှင့် ကျန်းမာ‌ရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်စိအမြင်အားကောင်းမွန်ခြင်း၊ မကြာခဏဖျားနာခြင်း တတ်ခြင်းမှကင်းဝေးစေရန်၊ ကြက်မျက်သင့်ရောဂါဖြစ်တတ်ခြင်းနှင့် အပြင်တိမ်စွဲခြင်းမဖြစ်ပွားစေရန် ရည်ရွယ်၍ တိုက်ကျွေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)