ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပြည် ဖေဖော်ဝါရီ ၁၉

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်း‌ဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူများအား ပြည်မြို့နယ်စာရေးဆရာအသင်းနာယက၊ စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း) ကျောင်းအုပ်ကြီး(ငြိမ်း)က စာမေးပွဲအထောက်ကူပြုစာဖတ်နည်းများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကိုသန့်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားရရှိစေမည့် သုတ၊ ရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာပြီး အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဆောင်ရွက်မှုအတွက်ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ်‌ စာစောင်များနှင့် စာဖတ်ဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)