ခရမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

ခရမ်း ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၀ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးဦးမြတ်စိုးမိုးဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် ခရမ်းမြို့အမှတ်(၂)ရပ်ကွက်၊ နမ့်ဆန်လမ်းရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးမြတ်စိုးမိုးဦးဆောင်သည့်အဖွဲ့ဖြင့်စစ်ဆေးရာ မြို့နယ်လဝကဦးစီးမှူးဦး မောင်မောင်သန်းမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသပြီး မြို့နယ်မီးသတ်ဦးစီးမှူးမှ ထပ်မံဖြည်းဆည်းဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးလုပ်ငန်းများအား အကြံပြုခဲ့ပါကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)