ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုကြောင်း သိရသည်။

ဆိပ်ဖြူမြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် Grade-4 ကျောင်းသား/ကျောင်းသူ ၁၂၄၀ ဦး၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား/ကျောင်းသူ ၂၀၁၅ ဦး၊ အထက်တန်းအဆင့် Grade-10 မှ Grade-12 ကျောင်းသား/ကျောင်းသူ ၁၅၉၁ ဦးတို့က သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျန်ရှိသောဘာသာရပ်များကို ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော Grade–5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများက ကျောင်းသား/ကျောင်းသူများက မတ်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာ စာဖြေဌာနတို့၌ အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD