ရန်ကုန် ဖေဖော်ဝါရီ ၂၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သွယ်တန်းထားရှိသော ရှုပ်ထွေးဖုန်းကြိုးများကို ယမန်နေ့နံနက်တွင် ဆက်သွယ်ရေးဝန်ထမ်းများက အဖွဲ့များခွဲ၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိုးတက်လာသော ခေတ်မီနည်းပညာများနှင့်အတူ တယ်လီဖုန်းသုံးစွဲသူပြည်သူများ အဆင်ပြေစွာဆက်သွယ်ပြောဆိုနိုင်ရေးအတွက် ဖုန်းလိုင်းများ၊ အိတ်ချိန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတစ်ဦးမှ သိရသည်။
လှကျော် ( ပြန်/ဆက်)