ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝန်ထမ်းများ အတွေးအခေါ် မြင့်မားလာစေရန်၊ စကားပြောစွမ်းရည် ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဒေါက်တာမတင်ဝင်း ရေးသားထားသည့် ဘိုးဘိုးအောင်၏ ဝလုံးကလေးများ စာအုပ်မှ ရာမာယဏဇာတ်တော်တွင် မြောပါဝင်စားမိခြင်းခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)