ခန္တီးမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား Vitamin-A တိုက်ကျွေး

ခန္တီး ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား Vitamin-A တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား အဟာရချို့တဲ့မှုမရှိစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပေါင်ချိန်ခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်းနှင့် မျက်စိအားကောင်းမွန်စေရန် Vitamin-A တိုက်ကျွေးခြင်းများကို မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)