ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်

ဘိုကလေး ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အောင်သိဒ္ဓိဆန်စက်တွင် ယမန်နေ့နံနက်()နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊  ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာသို့ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဆန်စက်ပိုင်ရှင်နှင့် ဝန်ထမ်းများ၊ လုပ်သားများ တက်ရောက်ကြပြီး ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မီးဘေးလုံခြုံရေးလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းသည် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက လွယ်ကူလျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြော၍ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှကာ ဂက်(စ်)မီးလောင်မှုအား ငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြိမ်းသတ်နည်းတို့အား သရုပ်ပြ၍ ဇာတ်တိုက်လေ့ကျင်ရာသို့ တက်ရောက်လာကြသူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် လက်တွေ့မီးငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)