ကျောက်တံတားမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေးလှည့်လှည်ဆော်သြ

ကျောက်တံတား ဖေဖော်ဝါရီ ၂၁

ပွင့်လင်းရာသီရောက်ရှိလာပြီသဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး လှည့်လှည်ဆော်ဩခဲ့ကြသည်။

အဆိုပါမီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်ရေးကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဟန်ညွှန့်လှိုင်ဦးဆောင်၍ တပ်ဖွဲ့(၅)ဦးနှင့်အတူ ကျောက်တံတားခရိုင်အတွင်းရှိ မြို့နယ်များအတွင်း လှည့်လည်ဆော်ဩခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်တံတား(ပြန်/ဆက်)