မိုင်းခတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြသခဲ့သည်။
အဆိုပါ အသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်များ၊ နိုင်ငံ့ဂုဏ်ရည်နှင့် မြဝတီမဂ္ဂဇင်းများ၊ သုတအလင်းမဂ္ဂဇင်းနှင့် အားကစားဂျာနယ်များ စသည့် သုတ/ရသစာအုပ်များပြသပြီး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို အသိပညာပေးပြသရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်၊ စာငှားပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)